21 May 2013

Chat ချစ်သူများအတွက် Google+ Hangouts

Google talk ကိုယ်စား Google မှ Chat ဝါသနားအိုးများအတွက် Google+ Hangouts ဗားရှင်းအသစ် ထုပ်ပေးလိုက်ပါပြီ။ Hangouts ထွက်ပြီးနောက်ပိုင်း လက်ရှိအသုံးပြုနေတဲ့ Gtalk ကို ထပ်မံလုပ်ပေးဖို့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။ Gtalk ချစ်သူတွေအတွက်တော့ လွမ်းစရာကြီးပေါ့ နော် :P အသစ် အသစ်တွေကိုသာ လက်ခံလာတဲ့ ခေတ်မှာ Google ကလည်း Gtalk ကိုယ်စား အသွင်သစ် အမြင်သစ်ဖြစ်စေဖို့ ဒီဇိုင်းအသစ်နဲ့ ထွက်ရှိလာပါပြီ။ 
Sign in ဝင်ရာ လက်ရှိအသုံးပြုနေတဲ့ Gtalk ထက် အလုပ် ပိုပါတယ်။ အရင် မြန်မာလို ပြောင်းထားတဲ့ အကောင့်နာမည်နဲ့ ဝင်လို့မရပါဘူး။  Viber လိုမျိုး ဖုန်းနံပါတ်နဲ့ Access Code တောင်းပါတယ်။ အလွယ်ကြိုက်တဲ့ ကျနော်တို့အတွက်တော့ သိပ့်ပြီး အဆင် မပြေလှပါဘူး။ Gtalk ထက် အနည်းငယ် အလုပ်ပိုပါတယ်။ 
Video Call နဲ့ Emotions ပါဝင်လာလို့ သုံးစွဲသူတွေ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ 


PC အတွက် သုံးမယ်ဆိုရင် Chrome Web Browser ရှိထားရပါမယ်။ ကျန်တာကတော့ ထူးထူးခြားခြား မရှိလှပါဘူး။ ကဲ သုံးကြည့်ကြပေတော့ဗျာ........ :)

Hangouts >> Download For Android
Hangouts >> Download For iPhone
Handouts >> Download For PC (Chrome)

အဆင်ပြေပါစေ....

စာချစ်သူ
21.5.2013/ 4.48PM


20 May 2013

iPhone အတွက် System Change Font

ဘော်ဒါတစ်ယောက် လိုင်းပေါ်မှာ မေးထားတာတွေ့လို့ တင်ပေးလိုက်တာပါ။ ဖုန်းကလိချင်တဲ့သူတွေ အတွက်ပါ။ မိမိ ဖုန်းထဲမှာ မူလကပါတဲ့ ဖောင့်ကို မသုံးဘဲ ဒီဇိုင်း လှလှလေးတွေနဲ့ ဖောင့်ပြောင်းသုံးချင်တဲ့ သူတွေ အတွက်လဲ အဆင်ပြေပါတယ်။ System Change ပြောင်းရန် သင့်ဖုန်းကို Jailbreak လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ဖောင့် ပြောင်းလို့ရမှာ ဖြစ်လို့ပါ။
 ဖောင့်များစွာထဲမှ သင် ပြောင်းလိုသော ဖောင့်ကို Install လုပ်ပါ။
လိုအပ်တဲ့ ဖောင့်များကို Cydai မှသော်လည်းကောင်း၊ အောက်ပါပေးထားသော Link မှသော်လည်းကောင်း ဒေါင်းလွတ်ရယူ၍ ဖုန်းထဲတွင် Install လုပ်ပါ။ပြီးရင် ဖုန်း Screen ပေါ်မှ သင် ပြောင်းလိုသော ဖောင့်ကို Install လုပ်ပြီး System ဖောင့်ကို ပြောင်းနိုင်ပါသည်။

System Change Font >>> Download


အဆင်ပြေပါစေ......
စာချစ်သူ
20.5.2013/1.55am

17 May 2013

Viber ဗားရှင်းအသစ် For Android

ဒီနေ့ထွက် Viber ဗားရှင်းအသစ်ပါ။ Android အတွက်ဖြစ်ပါတယ်။ Viber Android Version 3.0.1.3 ဖြစ်ပါတယ်။  Device စုံအောင် တင်ပေးသွားပါမယ်။


Viber PC >> Download in Dropbox
Viber Mac >> Download in Dropbox
Viber Windows Phone >> Download in Dropbox
Viber BlackBerry >> Download in Dropbox
Viber Android >> Download in Dropbox

အဆင်ပြေပါစေ...

စာချစ်သူ
17.5.2013 / 6.12PM

ဓာတ်ပုံရိုက်တာ ဝါသနာပါသူများအတွက် Camera FV-5

ဓာတ်ပုံရိုက်တာ ဝါသနာပါသူများအတွက်ပါ။ Android App ဖြစ်တဲ့ Camera FV-5 apk လေး သင့်ရဲု့ပ်ပုံ လှလှလေးတွေကို ဖန်တီးပေးပါလိမ့်မယ်။ ။ 
 


 Camera FV-5>> Download in Dropbox


စာချစ်သူ
17.5.2013/ 1.31PM


16 May 2013

Android ဖုန်းများအတွက် Magic Toucher

iPhone Screen ပေါ်မှာ Assistive Touch အမဲရောင်လေးနဲ့ မြင်ဖူးကြပါမှာ။ Android ဖုန်းတွေမှာလည်း iPhone & iPad တွေမှာ လိုမျိုး Touch ကို အသုံးပြုနိုင်ပါတယ်။ Magic Toucher လေးက အရောင်မျိုးစုံနဲ့ အသုံးပြုနိင်တာကြောင့် အမြင်လန်းစေမှာ ဖြစ်ပါတယ်။ ။



 အသုံးပြုနည်းက လွယ်လွန်းတာကြောင့် အသုံးပြုနည်း မရေးတော့ပါဘူး။ အောက်မှာ ဒေါင်းယူကြပါ။

Magic Toucher >>> Download in Mediafire
Magic Toucher >>> Download in Dropbox

အဆင်ပြေပါစေ....

စာချစ်သူ
16.5.2013 / 6.49PM


08 May 2013

Viber ကုတ် ရအောင်လုပ်နည်း

သတိပြုရန်။ ။ သင့်ဖုံးမှာ Viber မရှိဘူးဆိုရင် သင့် PC မှာ Viber အသုံးပြုရန် မရနိုင်သေးပါ။

PC မှာ သုံးတဲ့ Viber အတွက် ကုတ်ရဖို့ ခက်ခဲနေသူများအတွက်ပါ။ သတိထားဖို့နည်းလေးပါ။ ပထမဆုံး Viber က သင့်ဖုံးမှာ Viber ရှိလားလို့မေးပါတယ်။ တကယ်လို့ သင့်ဖုံးမှာ Viber ရှိနေတယ်ဆိုရင် Yes ပေါ့။ မရှိဘူးဆိုရင် No ပေါ့။ ရှိနေတယ်ဆိုရင် Yes ကို ကလစ်ပေးပြီး နိုင်ငံကုတ်မပါတဲ့ သင့်ဖုန်းနံပါတ်ရဲ့ ပထမဆုံး 0 ကို ဖြုတ်ပြီး နောက်က နံပါတ်များကို ရိုက်ထည့်ပါ။ 
ဥပမာ.... 0973******** ဆိုရင် 0 ကို ဖြုတ်ပြီး 973**** လို့ ထည့်ပါ။
 Viber သုံးနေတဲ့ သင့်ဖုံးကို ရိုက်ထည့်ရမှာပါ။ ဒါမှသာ viber က ကုတ်ကို သင့်ဖုံးထဲက Viber ကို ပို့ပေးမှာမို့ပါ။  ခဏနေရင် သင့်ဖုံးထဲက Viber မှာ ကုတ် ရောက်နေတာကို တွေ့ရပါလိမ့်မယ်။ ဂဏာန်း ၄ လုံးဖြစ်ပါတယ်။ 

မှတ်ချက်။။ မြန်မာပြည်အတွက် မသေချာပါ။ 

ကျနော့် computer မှာ Viber သုံးနေပါပြီ။

သင့်ဖုံးထဲမှာ Viber မရှိသေးဘူးဆိုရင်တော့ ဖုံးထဲကို Viber ကို Install လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဖုံးထဲမှာ ရှိမနေဘူးဆိုရင်တော့ သင့် PC မှာ Viber အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။

 PC အတွက် Viber မှ ပို့ပေးထားသော ကုတ်များ။
 Viber မှ ပို့ပေးသော ကုတ်များကို PC က Viber မှာ ထည့်ပါ။ ကုတ်ထည့်ပြီးတာနဲ့ သင့်ဖုံးထဲက Viber Fri ရဲ့နာမည်နဲ့ဖုံးနံပါတ်များဟာ  PC က Viber ထဲကို Auto  ဝင်သွားတာ မြင်တွေ့ရပါလိမ့်မယ်။ သီးသန့် လုပ်စရာမလိုပါ။ ။ 
ဖုံးမှာလို Sticker ပုံများကတော့ PC ပေါ်မှာ Support မလုပ်နိုင်သေးပါဘူး။

အဆင်ပြေပါစေ....


စာချစ်သူ
8.5.2013/ 12.45AM

07 May 2013

PC အတွက် Viber Video

PC အတွက် Viber က Video Call ခေါ်ဆိုမှုကို အသစ် ထည့်ပေးလိုက်ပါပြီ။ Skype, VZO စတဲ့ Video call Software များကို စိန်ခေါ်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။ Viber ရဲ့ စွမ်းဆောင်ချက်တွေကို ဒီပို့စ်မှာ ထွေထွထူးထူး မရေးတော့ပါဘူး။ အရင်က I Device  များအတွက် ကျနော် Viber Myanmar Version ရေးပြီးလို့ပါ။  တခု သတိထားရမှာက သင့်ဖုံးမှာ Viber အသုံးပြုနေသလားဆိုတာပါပဲ။ သင့်ဖုံးမှာ Viber သုံးနေတယ်ဆိုရင် Access code ကို သင့်ဖုံးက Viber ကို ပို့ပေးပါလိမ့်မယ်။ ကျန်တာကတော့ ထူးခြားမှု မရှိပါဘူး။ 





ပုံထဲအတိုင်းသာ လုပ်သွားပါ။ မခက်ပါဘူး။

Viber ကို Download လုပ်ရန်

Viber for Windows
Viber for Mac
Viber for Android

အဆင်ပြေပါစေ.....

စာချစ်သူ
7.5.2013/ 9.17PM

27 April 2013

Message Box For iPhone

iPhone အတွက် Cydia Tweak လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ....။ Facebook Chat သူများအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဖုံးမှာ Facebook Chat တဲ့အခါ သီးသန့် Facebook app ကို သီးသန့် သွားစရာမလိုပဲ ဖုံးရဲ့ Screen ပေါ်မှာ မိမိပြောချင်တဲ့သူနဲ့ အေးဆေးသက်သာ Chat နိုင်ပါပြီ။ 

Message Box သွင်းနည်းက မခက်ပါဘူး။ 
၁။ သင့်ဖုံးက Jailbreak လုပ်ထားရမှာဖြစ်ပြီး Facebook app ရှိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

၂။ နောက်တဆင့်က Message Box ကို Cydia ကနေ Download လုပ်ရမှာဖြစ်ပါတယ်။ 

၃။ ဒေါင်းလွတ်လုပ်ပြီးသွားရင် ဖုံးထဲက Facebook ကို သွားပြီး Chat ကို သွားပါ။ Chat ထဲက သင့်သူငယ်ချင်း တယောက်နာမည်ပေါ်ကို  ကလစ်လိုက်ပါ။  Message Box က သင့်ဖုံး Screen ပေါ်ကို ပေါ်လာမှာဖြစ်ပါတယ်။ 

၎။ ဖုံး Screen ပေါ်မှာ မျက်စိနောက်လို့ မမြင်ချင်ဘူးဆိုရင်တော့ Message Box Icon လေးကို ဖိပြီး အောက်ဆွဲချလိုက်ပါ။ Message Box ပိတ်သွားပါလိမ့်မယ်။ ပိုရှင်းအောင် အောက်က ပုံကို ကြည့်လိုက်ပါ။ အဆင်ပြေပါစေ....



Message Box ကို Download လုပ်ရန်....

http://cydia.myrepospace.com/myominhan
vs

အဆင်ပြေပါစေ....

စာချစ်သူ
27.4.2013/ 11.22AM


13 April 2013

unlocked { Not Root } အတွက် Facebook Home

Unlocked { Not Root } အတွက်  Facebookhome.apk ပါ။ Root လုပ်ထားသူများအတွက် တင်ပေးလိုက်ပါတယ်။ 
  
FacebookHome ကို Download လုပ်ရန်

အဆင်ပြေပါစေ....

စာချစ်သူ
13.4.2013/ 5.01PM

09 April 2013

ရုပ်ပြောင်လုပ်ချင်တဲ့ ဘော်ဒါများအတွက် Funny Face Changer

ရုပ်ပြောင်လုပ်ချင်တဲ့ ဘော်ဒါများအတွက်ပါ။ Funny Face Changer လေး သင့်စိတ်ကြိုက် ပုံတွေကို ပြင်ပေးမှာပါဖြစ်ပါတယ်။ ရုပ်ပြောင်ပြီး ကိုယ်ရေးချင်တဲ့ စာသားပါ မြန်မာလို ရေးလို့ရတဲ့အတွက် တခြား apk များထက် သာမယ်ဆိုတာ သုံးကြည့်တာနဲ့ သိသွားပါလိမ့်မယ်။ 




Funny face changer ကို Download လုပ်ရန်


စာချစ်သူ
9.4.2013/ 7.36PM

23 March 2013

♥ ♥ ♥ တွဲလက်များနဲ့ ♥ ♥ ♥


သံသရာအဆက်ဆက် တွဲလက်များနဲ့  လျှောက်လှမ်းကြစို့ကွယ်
မောင်ကလည်း ချစ်သူကို
ချစ်သူကလည်း မောင့်ကို 
ကြင်နာ,
ယုယ,
ဖေးမ,
ကူညီ,
တူညီတဲ့ မေတ္တာများစွာနဲ့....။

ဘ၀ခရီးလမ်းဝယ် အကြင်နာအင်အားများနဲ့ လျှောက်လှမ်းကြစို့ကွယ်
မောင်ကလည်း ချစ်သူ
ချစ်သူလည်း မောင့်ကို
ကြင်နာ,
ယုယ,
ဖေးမ,
ကူညီ,
တူညီတဲ့ ချစ်ခြင်းများစွာနဲ့..... ။ ။


ချစ်သူမွေးနေ့ အမှတ်တရ ♥ ♥ ♥ ♥ ♥


စာချစ်သူ
23.3.2013/ 9.22AM

15 March 2013

အညာပြန် အမေ့လက်ဆောင်



 




လောကဓံ လက်သီး လက်မောင်းတွေ ကြား
ဘယ်သူမှ တွားမသွားရဲလို့ ,
ကွေ့ ..

ပတ်.

ရှောင် ..

ဖယ် ..

လူလည်လုပ် .. ပြေးပုန်းနေကြစဉ် ၊

နေပူကျဲကျဲ အောက်
အသက်ပေါက်မတတ် ချစ်သော ..ဤမြေ အတွက် ,
အသက်ကို ပုံပြီး ခရီးထွက်ခဲ့ပေါ့။

(အမေ ပြန်လာရင်)

ယောက်ျားစင်စစ်ကြီးတွေ .. အတွက်
အညာက ၊ ထမီ အထက်ဆင်တွေ ..
ဝေပေးလိုက်စမ်းပါ ..အမေ ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)
2013-Mar-15
11:25(a-m)

14 March 2013

အမေနဲ့ အမေ့သားသမီးများ ♥ ♥ ♥

                                                                                                        ဓာတ်ပုံ 7daynews

အမေဟာ အမေပဲ
အမေက ဒီမိုကရေစီခရီးရှည်ကြီးရဲ့ စစ်မှန်တဲ့ ဆောင်းခေါင်ဖြစ်တယ်။

လက်ပံတောင်းတောင်ဟာ မြန်မာ့မြေပေါ်မှာပဲ
လက်ပံတောင်းတောင်က မြန်မာတို့ရဲ့ ပိုင်ဆိုင်မှုစစ်စစ်ဖြစ်တယ်။

အမေဟာ အမေပဲ
အမေက စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ခေါင်းဆောင်ဖြစ်တယ်။

လက်ပံတောင်းတောင်ဒေသခံတွေဟာ အမေ့သားသမီးတွေပဲ
အမေ့သားသမီးတွေက အမေ့ကို မမုန်းဘူး။
အမေ့သားသမီးတွေက မတရားမှုကို ဖော်ထုတ်စေခြင်းသာဖြစ်တယ်။

အမေဟာ အမေပဲ
အမေက သားသမီးတို့ရဲ့ ငိုကြွေးသံကို အမေ့ရဲ့ မေတ္တာတရားနဲ့ ရပ်တန့်စေချင်းဖြစ်တယ်။

လက်ပံတောင်းတောင်ဒေသခံတွေဟာ အမေ့သားသမီးတွေပဲ
အမေ့သားသမီးတွေက အမေ့ကို မမုန်းဘူး။
အမေ့သားသမီးတွေက အကျင့်ပျက်ခြစားနေတဲ့ ခရိုနီတွေကို မုန်းခြင်းသာဖြစ်တယ်။

အမေဟာ အမေပဲ
အမေက သားသမီးတို့ရဲ့ ဒေါသမီးတွေကို အပြုံးပေးပြီး ဖြေရှင်းခြင်းသာဖြစ်တယ်။

လက်ပံတောင်းတောင်ဒေသခံတွေဟာ အမေ့သားသမီးတွေပဲ
အမေ့သားသမီးတွေက အမေ့ကို မမုန်းဘူး။
အမေ့သားသမီးတွေက သူတို့ရပိုင်ခွင့်ကိုသာ အမေကတဆင့် တောင်းခိုင်းခြင်းသာဖြစ်တယ်။

တရားခံဟာ တရားခံပဲ
ဥပဒေအထက်မှာ ဘယ်သူမရှိကြေးဆိုရင် တရားခံအစစ်ဟာ ၅မိနစ်အတွင်း မိတယ်။

တရားဥပဒေဟာ တရားဥပဒေပဲ
ဥပဒေကို လေးစားလိုက်နာရင် တရားခံအစစ်ကို သမ္မတကိုယ်တိုင် ဖမ်းပေးနိုင်တယ်။
(ကော်မရှင်ဆိုတာ လိုတောင်မလိုဘူး)
အမေဟာ သားတို့ သမီးတို့ရဲ့ အမေဆိုလည်းဟုတ် အဖေဆိုလည်းဟုတ်တဲ့
မိဘရဲ့ တာဝန်ကို အမေတစ်ယောက်ထဲ ထမ်းဆောင်နေသူဖြစ်တယ်။

အမေ နဲ့ သားတို့ သမီးတို့ကြားမှာ အာဏာရှင်တန်တိုင်းတွေခြားထားလည်း မမှုဘူး
ခရိုနီကျောက်ဆောင်တွေ ရှိနေလည်း မဖြုံဘူး။


အမေဟာ အမေပဲ
အမေဟာ သားတို့ သမီးတို့ရဲ့ ထာဝရ မိခင်ကောင်းတစ်ဦးဖြစ်တယ်။

အမေဟာ အမေပဲ
အမေ့ကို သားတို့ သမီးတို့ ဘယ်တော့မှ မမုန်းဘူး
အမေဟာ သားတို့ သမီးတို့ရဲ့ ထာဝရ သူရဲကောင်းတစ်ဦးဖြစ်တယ်။ ။ ။





{ အမေ ကျန်းမာချမ်းသာပါစေ….
အမေ သက်တော်ရာကျော်ရှည်ပါစေ……}





အမေ့သားသမီးတို့ရဲ့ ကိုယ်စား
အမေ့ကို ချစ်တဲ့သား
စာချစ်သူ
14.3.2013/ 10.36PM



                                                  




13 March 2013

“စာပေနှင့် ဘာသာစကား”

 
ဘာသာစကားလို့ ပြောလိုက်ရင် လူတော်တော်များများက အရေးဘာသာစကားနဲ့ အပြောဘာသာစကားလို့ နှစ်မျိုးရှိတယ်ဆိုတာကို ယုံကြည်လက်ခံကြပါတယ်။ စာပေ အရေးအသားကိုလည်း တကယ့် ဘာသာစကား စစ်စစ်လို့ ထင်မှတ်ယုံကြည်မှုဟာ အစစ်နဲ့ အတုကို မခွဲခြားနိုင်တဲ့ ပညာမဲ့မှုသာလျှင် ဖြစ်ပါတယ်။ စာပေဟာ ဘာသာစကား အစစ်မဟုတ်ဘူးလို့ ပြောရင် အံ့သြကောင်း အံ့သြကြမယ်။ လက်ခံဘို့ရာလည်း အလွန်ခက်ခဲကြပါမယ်။ စာပေ အရေးအသားဟာ ဘာသာစကားအစစ်မဟုတ်ဘူးဆိုတာကို ဥပမာ သာဓကပေါင်းများစွာနဲ့ သက်သေပြနိုင်ပါတယ်။

ထင်ရှားလွယ်ကူတဲ့ ဥပမာတစ်ခုနဲ့ သာဓကပြရရင် ယခုမြင်တွေ့နေရတဲ့ ဦးဇင်းရဲ့ ဓာတ်ပုံနဲ့ သာဓက ပြနိုင်ပါတယ်။ မျက်နှာပိုင်းသာပါဝင်တဲ့ ဦးဇင်းရဲ့ဓာတ်ပုံကို သင်ကြည့်နေချိန်မှာ ဦးဇင်းကို မသိတဲ့သူက အဲဒါ ဘယ်သူလဲလို့ မေးလာရင် သိတဲ့သူက “ဒါ ဦးဣန္ဒာစာရပါ” လို့ ဖြေပါလိမ့်မယ်။
“ဒါ ဦးဣန္ဒာစာရပါ” လို့ ပြောလိုက်တဲ့စကားဟာ အမှန်ပြောတဲ့စကား၊ မုသာဝါဒ မဟုတ်တဲ့ သစ္စာစကားပဲဖြစ်ပါတယ်။ သို့သော် ကြားလိုက်ရတဲ့သူက ဒါဦးဣန္ဒာစာရပါလို့ ပြောတဲ့စကားအရ ဦးဣန္ဒာစာရဆိုတာ ခေါင်းပိုင်းသာ မြင်ရတဲ့ ဓာတ်ပုံတစ်ပုံဖြစ်တယ်။ ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်တယ်။ အင်တာနက်မှာမြင်ရတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်တယ်။ ဒီထက်မက ပိုနားလည်လို့ “ဦးဣန္ဒာစာရဆိုတာ အပြင်မှာတကယ်ရှိတဲ့ လူရယ်၊ ဓာတ်ပုံရယ်လို့ နှစ်မျိုးရှိတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်ရင် မှန်ကန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မဟုတ်ဘူး၊ အစစ်နဲ့အတုကို ခွဲခြားနိုင်စွမ်းမရှိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သဘာဝကို နားမလည်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒီလို နားလည်မှု မှားယွင်းတဲ့အတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် မှားယွင်းတာဟာ ပြောတဲ့သူရဲ့ အပြစ်မဟုတ်ဘဲ မှန်မှန်ကန်ကန် နားမလည်နိုင်သူရဲ့ အပြစ်သာ ဖြစ်ပါတယ်။

လက်တွေ့ သဘာဝမှာ ဒီစာကို ရေးသားနေတဲ့ ဦးဣန္ဒာစာရရဲ့ ဓာတ်ပုံကတော့ ဆွမ်းစားနေပုံ၊ ထိုင်နေပုံ၊ ရပ်နေပုံ စသည်ဖြင့် မရေမတွက်နိုင်အောင် အမြောက်အမြား ဖြစ်နိုင်ပေမဲ့ ဓာတ်ပုံရှင်ဖြစ်တဲ့သူကတော့ တစ်ယောက်တည်းသာရှိသလို “အ” ဆိုတဲ့ သရဟာလည်း မြန်မာလိုရေးပုံ အင်္ဂလိပ်လိုရေးပုံ၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ ထိုင်း စတဲ့ ရေးပုံတွေ အမျိုးမျိုး ကွဲပြားခြားနားစွာ ရှိနိုင်ပေမဲ့ တကယ်အစစ်ဖြစ်တဲ့ လူ့နှုတ်ကထွက်တဲ့ “အ” ဆိုတဲ့ သရဟာ တစ်ခုတည်းသာလျှင်ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံဟူသမျှဟာ ဓာတ်ပုံရှင်အစစ် မဟုတ်သလို သရ ဆိုတာ အသံရဲ့ အမည်ဖြစ်တဲ့အတွက် စာလုံးမှန်သမျှ ဘယ်စာလုံးမှ “အ” သရ အစစ် မဟုတ်ပါဘူး၊ “အ” ဆိုတာ အင်္ဂလိပ်ပါးစပ်ကပဲထွက်ထွက်၊ မြန်မာပါးစပ်ကပဲထွက်ထွက်၊ ကုလားပါးစပ်ကပဲထွက်ထွက် အတူတူပဲဖြစ်တယ်။ တစ်ခုတည်းပဲဖြစ်တယ်ဆိုတာ နားလည်ကြရပါမယ်။

အင်္ဂလိပ်စာမှာ အသံထွက် ကွဲပြားတဲ့အတွက် U ကို သရ၊ ဗျည်း သတ်မှတ်ပုံ ကွဲပြားနေပုံ၊ မြန်မာစာမှာလည်း လုံးကြီးတင်၊ တစ်ချောင်းငင်၊ သဝေထိုးစတဲ့ သင်္ကေတတွေဟာ ရေးချလို ဗျည်းရဲ့ နောက်ကပဲရေးရေး၊ သဝေထိုးလို ဗျည်းရဲ့ ရှေ့ကပဲရေးရေး၊ လုံးကြီးတင်လို အပေါ်ကပဲဖိဖိ၊ တစ်ချောင်ငင်လို အောက်ကပဲခုခု လူ့နှုတ်က ဗျည်းကို အရင်အသံထွက်တဲ့အတွက် အသံထွက်တဲ့အတိုင်း ပါဠိမှာ က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကော၊ မြန်မာမှာ က ကိ ကု ကေ ကဲ ကော ကံ ကို လို့ စာလုံးတွေကို ရှေ့နောက်စဉ်သွားရပါတယ်။ တကယ်သာ စာအရေးအသားက ပဓာနကျခဲ့ရင် ပါဠိမှာ က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကော လို့ အစီအစဉ် မလွဲနိုင်ပေမဲ့ မြန်မာမှာတော့ က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကဲ၊ ကံ၊ ကို၊ ကေ၊ ကော လို့ စဉ်ရပါလိမ့်မယ်။

Zawgyi မြန်မာဖောင့်ရဲ့ စာလုံးရှေ့နောက် စီစဉ်ပုံအရ စာအရေးအသားက ပဓာနကျတယ်ဆိုတဲ့ မူဝါဒအတိုင်း စီမံထားတဲ့အတွက် မှားယွင်းနေတာကို သတိထားမိတဲ့ မြန်မာ Unicode စနစ်မှာ ကေ နဲ့ ကောကို စာရိုက်ရာမှာ လူ့နှုတ်က အသံထွက်တဲ့အတိုင်း က ကိုအရင်ရိုက်ပြီးမှ “ေ” နဲ့ “သြ =ော” ကို နောက်မှ ရိုက်တဲ့စနစ်ကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာတို့ရဲ့ တိုးတက်မှုပါ။ ဒါပေမဲ့ မြန်မာ ယူနီကုဒ်ရဲ့ စီစဉ်မှုဟာ ပြီးပြည့်စုံအောင် မှန်ကန်နေပြီလားလို့ မေးလာရင် မြန်မာ ယူနီကုဒ်ကို စီစဉ်သူတွေက ပြီးပြည့်စုံအောင် မှန်ကန်နေပြီလို့ ယုံကြည်ကြပေမဲ့ ပြီးပြည့်စုံအောင် မမှန်သေးပါဘူးလို့ ပြောရမှာပါ။

လူတော်တော်များများ ထင်မြင်ယူဆနေကြတာက မြန်မာစာမှာ “အိ” လို့ရေးပါလျက် မြန်မာစာနဲ့ ရေးတဲ့ ပါဠိမှာ ဣ လို့ရေတယ်လို့ ထင်မြင်နေကြပါတယ်။ အမှန်က မြန်မာစာမှာရော မြန်မာနဲ့ ရေးတဲ့ ပါဠိမှာပါ မူလက ဣ နဲ့ ရေးခဲ့တာကို တင်ပြဆွေးနွေးခဲ့ပါပြီ။ မြန်မာစာရေး ပါဠိမှာ ဣ နဲ့ ရေးတာဟာ မြန်မာစာနဲ့ မတူအောင် တမင်တီထွင်ပြီး ရေးတာ မဟုတ်ပါဘူး။ ဣ ဆိုတာ တစ်လုံးတည်းဖြစ်တဲ့အတွက် အင်္ဂလိပ်မှာ I လို့ တစ်လုံးတည်း ရေးသလို မြန်မာစာရေး ပါဠိမှာ တစ်လုံးတည်းဖြစ်တဲ့ ဣ ကိုသုံးရတာပါ။

ပါဠိ အသံထွက်မှာ သြကို အို လို့ အသံထွက်ရွတ်ဖတ်ရတာ တနည်းအားဖြင့် အို ဆိုတဲ့ ပါဠိအသံကို သြ ဆိုတဲ့ စာလုံးနဲ့ ရေးတာကို ပါဠိပညာရှင်တိုင်း သိကြပါတယ်။ အိုဆိုတဲ့ အသံကို အို လို့ မရေးဘဲ ဘာ့ကြောင့် ရှေးမြန်မာပညာရှင်တွေက သြ နဲ့ ရေးခဲ့ရတာလဲဆိုရင် အထက်က ဆွေးနွေးခဲ့တဲ့အတိုင်း စာလုံးတွေဟာ ကိန်းဂဏန်းတွေလို့ နားလည်ထားတဲ့အတွက် ကိန်းဂဏန်းစနစ်အရ မမှားနိုင်အောင်လို့ ဖြစ်ပါတယ်။ သြ ဆိုတဲ့ စာလုံးဟာ သ ကို ရရစ်ထားတဲ့ သ်ရ လို့ အသံထွက်တဲ့ စာလုံး မဟုတ်ဘဲ မြန်မာ့နှုတ်က အော လို့ အသံထွက်တဲ့ တစ်လုံးတည်းသော စာလုံးဆိုတာ သိကြပြီး ဖြစ်ပါတယ်။ အို ဆိုတဲ့ စာလုံးမှာတော့ အ ရယ်၊ လုံးကြီးတင်ရယ်၊ တစ်ချောင်းငင်ရယ်ဆိုပြီး သုံးလုံးလို့ အထင်မှားနိုင်စရာ ရှိပါတယ်။ လက်တွေ့မှာလည်း အထင်မှားနေဆဲမို့ အိုကို ကွန်ပြူတာနဲ့ စာရိုက်ရာမှာ သုံးကြိမ်ရိုက်နေရတယ်။ သုံးကြိမ်ရိုက်ရင် ကိန်းဂဏန်း သုံးခု လို့ ပြောတာနဲ့ အတူတူသာဖြစ်တဲ့အတွက် မှားယွင်းနေပါတယ်။

သြ ဆိုတဲ့စာလုံးဟာ အိုလို့ အသံထွက်တာ ဒါမှမဟုတ် အိုဆိုတဲ့ အသံကို သြဆိုတဲ့ စာလုံးနဲ့ ရေးတာကို နားလည်လက်ခံနိုင်ဘို့ ခက်ခဲနေရင် အင်္ဂလိပ် J ဆိုတဲ့ စာလုံးတစ်လုံးရဲ့ အသံထွက်ပုံကို လေ့လာပါ။ J ဆိုတဲ့ စာလုံးဟာ အမေရိကအနောက်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ရဲ့ အမည်ဖြစ်တဲ့ San Jose ကို ဆန်ဟိုဆေးလို့ ဟ အသံနဲ့ ဖတ်ပါတယ်။ Jola ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ အမည်မှာတော့ ယိုလာလို့ ယ အသံဖြစ်ပြီး James Bond မှာတော့ အများသိတဲ့အတိုင်း ဂျ သံထွက်တာကိုကြည့်ရင် စာတစ်လုံးတည်းက ဘာသာစကားအလိုက် အမျိုးမျိုးအသံထွက်တာကို သိနိုင်ပါတယ်။

J ဆိုတဲ့ စာလုံးဟာ တစ်လုံးတည်းဖြစ်ပေမဲ့ မြန်မာ့အသံမှာ ဂ သံနဲ့ ယ အသံ နှစ်မျိုးပေါင်းထားတဲ့အသံကို ထွက်ရသလို စ ဆိုတဲ့ စာလုံးဟာလဲ ပါဠိမှာ မြန်မာတို့ ထွက်တဲ့အသံအတိုင်း မထွက်ရဘဲ က သံနဲ့ ယသံ နှစ်သံပူးထားတဲ့ အသံမျိုးနဲ့ ရွတ်ဆိုရပါတယ်။ ကျ ဆိုတဲ့အသံကို ကျလို့ မရေးဘဲ စနဲ့ ရေးရတာလည်း ကိန်းဂဏန်းမှန်ကန်စေရန် တစ်လုံးတည်းကိုအသုံးပြုရခြင်းသာ ဖြစ်ပါတယ်။

အိုဆိုတဲ့အသံဟာ တစ်လုံးတည်းဖြစ်လို့ သရကိုရေးရာမှာ သြလို့ တစ်လုံးတည်းရေးတာတော့ ဟုတ်ပါပြီ။ နမော၊ ယော၊ သော၊ ကော၊ စသည်ဖြင့် ဗျည်းနဲ့တွဲရာမှာ သြက တစ်လုံးတည်းဖြစ်ပါလျက် ဘာကြောင့် သဝေထိုးနဲ့ ရေးချ ဆိုတဲ့ နှစ်လုံးကို သုံးရတာလဲ၊ မော ဟာ မို လို့ အသံထွက်ရင် မို ကို မိုလို့ အရှိအတိုင်းရေးတာက ပိုမမှန်ဘူးလား၊ မိုကလည်း လုံးကြီးတင်နဲ့ တစ်ချောင်းငင်ဆိုတဲ့ ကိန်းနှစ်ခုပဲ မဟုတ်ဘူးလားလို့ စောဒကတက်ဖို့ရှိလာပြန်ပါတယ်။

ဒီမေးခွန်းရဲ့အဖြေကိုတော့ ရှေးခေတ်က မြန်မာစာလုံးနဲ့ရေးတဲ့ ပါဠိကိုပဲ ပြန်လေ့လာပါလို့ ဖြေရမှာပါ။ ရှေးခေတ်က မော ကို ရေးရာမှာ သဝေတွေ ရေးချတွေနဲ့ ရေးတာ မဟုတ်ပါဘူး။ မ် ဆိုတဲ့ စာလုံးနဲ့တူတဲ့ စာလုံးမျိုးနဲ့ ရေးတာပါ။ ဗျည်းနဲ့တွဲတဲ့ သြရဲ့ သင်္ကေတဟာ မျက်မှောက်ခေတ် အသတ် “ ..်” နဲ့တူတာကို တွေ့ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။

သြ က အိုလို့ အသံထွက်တယ်ဆိုတာ လူသိများပေမဲ့ သက္ကတဘာသာကို မြန်မာစာနဲ့ ရေးရာမှာသုံးတဲ့ သြော်ဟာ အောက်လို့ အသံထွက်တာရယ်၊ ဧဲ ကို အိုက်လို့ အသံထွက်တယ်ဆိုတာရယ်ကိုတော့ အလွန်လူသိနည်းပါတယ်။ Au ဟာ က အသတ်မပါဘဲ အောက်လို့ အသံထွက်တာကို နားလည်ရင် ai ဟာ က အသတ်မပါဘဲ အိုက်လို့ အသံထွက်တာကို နားလည်ရင် အောက်ဆိုတဲ့ အသံကို ကသတ်မပါဘဲ သြော်လို့ ရေးတာရယ် အိုက်ဆိုတဲ့အသံကို ကသတ်မပါဘဲ ဧဲ လို့ရေးတာရယ်ကို နားလည်နိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် သက္ကတာဘာသာကို မြန်မာစာနဲ့ ဂေါ်တမ လို့ရေးထားရင် အသံထွက်က ဂေါက်တမ ပါ၊ ယသော်ဓရာဟာလည်း အသံထွက်အမှန်က ယသောက်ဓရာပါ။ မဟော်သဓာလည်း အသံထွက်အမှန်က မဟောက်သဓာပါ။

အိုဆိုတဲ့အသံဟာ တစ်သံတည်း၊ သရတစ်လုံးတည်းဖြစ်တဲ့အတွက် အင်္ဂလိပ်မှာ O လို့ တစ်လုံးတည်း တစ်ချက်တည်း ရေးရပါတယ်။ ဒါပေမဲ့ မြန်မာမှာ သုံးလုံးဖြစ်နေတယ်။ ကိန်းဂဏန်း တစ်လုံးနဲ့ သုံးလုံးဟာ တန်ဖိုးချင်း ကွာချင်တိုင်းကွာနေလို့ မြန်မာစာနဲ့ ဘာသာစကားကို compute လုပ်လို့ မရတာဟာ ဘာမှ မဆန်းပါဘူး။

MacBook ကွန်ပြူတာမှာ မြန်မာကီးဘုတ်မှာ အို ကို တစ်ချက်တည်းရိုက်လို့ရအောင် စီမံထားတာကိုတွေ့တယ်။ တစ်ခါက အင်တာနက်မှာ မြန်မာဝီကီ တစ်ခုကို ပြုလုပ်တော့ Language ကို ရွေးရာမှာ မြန်မာကို Myanma လို့ရေးထားတာကိုတွ့တော့ ငါတို့ရဲ့ မြန်မာစာကို မြန်မာတွေထက် နိုင်ငံခြားသားတွေက ပိုပြီး နားလည်နေပါလား၊ ငါတို့မြန်မာတွေဟာ ဘာဆို ဘာမှ နားမလည်ကြပါလားလို့ တွးမိပြီး များစွာစိတ်မကောင်း ဖြစ်မိပါတော့တယ်။
 
ရေးသူ။ ။ ဦးဣန္ဒာစာရ
 ဦးဇင်း ဦးဣန္ဒာစာရ Facebook မှ ကူးယူဖော်ပြသည်။ ။
 
စာတင်ချိန်။ ။ 13.3.2013 / 3.29AM